စစ်ကိုင်း ၃၀ မတ်
စစ်ကိုင်း-ရွှေဘိုခရိုင်ချင်းဆက်လမ်ဘေး စစ်ကိုင်းစက်မှုဇုန်ရှိ NTT အထပ်သားစက်ရုံ၏ အမှုန့်သိုလှောင်ရုံတွင် အပူလွန်ကဲရာမှမီးလောင်ကျွမ်းမှု မတ် ၂၉ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ စက်ရုံတွင် ကော်ပတ်စားအမှုန့်သိုလှောင်သည့်အိုး အပူလွန်ကဲရာမှ တစ်ဆင့်မီးလောင်ကျွမ်း ရခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
မီးလောင်ရာသို့ စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် ၅စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀၊ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ၁၅ ဦး သွားရောက်မီးငြိမ်းသတ်ခဲ့ရာ ၅နာရီ မိနစ် ၄ဝ ခန့်တွင် မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)