စစ်ကိုင်း ၅ ဖေဖော်ဝါရီ

 

စစ်ကိုင်းဓာတ်ပုံအသင်း၏ အမှတ်(၆) "တို့ချစ်တဲ့ဧရာဝတီ"နှင့် အမှတ်စဉ်(၇) "ဆောင်းအလှ မော်ဒယ်" ခေါင်းစဉ်များဖြင့် ဓာတ်ပုံပြိုင်ပွဲ ဆုများစိစစ်ရွေးချယ်ပွဲကို ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီခွဲက စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

 

အဆိုပါဆုများ စိစစ်ရွေးချယ်ရာတွင် ဦးကျော်အောင်(ပေါက်ခေါင်း)၊ ဦးတင်မြ(နေနွယ်)၊ ဦးမောင်မောင်ဦး (မန်းတက္ကသိုလ်)၊ ဦးသန်းထွန်းဝင်း(တင်ထွန်းစစ်ကိုင်း)၊ ဦးကျော်ဇေယျ(ဦးစတိ)တို့က ဆောင်ရွက်ခဲ့ပြီး အမှတ်စဉ်(၆) "တို့ချစ်တဲ့ဧရာဝတီ" ခေါင်းစဉ်ဖြင့်ပြိုင်ပွဲတွင် ပထမဆုကို ထွန်းမင်းဦး (ရွှေစင်)၊ ဒုတိယဆုကိုဖြိုးသူထွန်း(ရွှေစင်)၊ တတိယဆုကို ဇော်ဝင်းအောင်(စစ်ကိုင်း)၊ နှစ်သိမ့် (၁)ကို တူးတူး (အမရပူရ)၊ နှစ်သိမ့် (၂)ကို ထွန်းမင်းဦး(ရွှေစင်)၊ နှစ်သိမ့် (၃)ကို အောင်ကိုလတ် တို့က လည်းကောင်း၊ အမှတ်စဉ်(၇) "ဆောင်းအလှ မော်ဒယ်" ခေါင်းစဉ်ဖြင့် ပြိုင်ပွဲတွင် ပထမဆုကို ထွန်းမင်းဦး (ရွှေစင်)၊ ဒုတိယဆုကို အောင်မျိုးခိုင် (ရွှေမင်းဝံ-၂-)၊ တတိယဆုကို ဖြိုးသူထွန်း(ရွှေစင်)၊ နှစ်သိမ့်(၁)ကို ဖြိုးသူထွန်း(ရွှေစင်)၊ နှစ်သိမ့်(၂)ကို ဖိုးလပြည့်(စစ်ကိုင်း)၊ နှစ်သိမ့်(၃)ကို ထွန်းမင်းဦး(ရွှေစင်)တို့က ရရှိ ခဲ့ကြသည်။

 

အဆိုပါပြိုင်ပွဲအနက်အမှတ်စဉ်(၆) "တို့ချစ်တဲ့ဧရာဝတီ" ခေါင်းစဉ်ဖြင့် ဆုရရှိသူများကို ဦးတင်ဌေး (ရွှေမြင့်မိုရ်ကိတ်မုန့်)က ပထမဆုရရှိပြီး ပထမဆု ကျပ်တစ်သိန်း၊ ဒုတိယဆု ကျပ်ခြောက်သောင်း၊ တတိယဆု ကျပ်လေးသောင်း၊ နှစ်သိမ့်(၁)ဆု ကျပ်နှစ်သောင်းခွဲ၊ နှစ်သိမ့်(၂)ဆု ကျပ်တစ်သောင်းခွဲနှင့် နှစ်သိမ့်(၃) ဆု ကျပ်တစ်သောင်းစီဖြင့် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မျိုးဝင်း (ခရိုင်ပြန်/ဆက်)

 

mdn