စစ်ကိုင်း  ၁၆  ဇွန်

 

စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲ၊ ခရိုင်ဦးစီးမှူးရုံး၊ စစ်ကိုင်းခရိုင် မြေအသုံးချရေးဓာတ်ခွဲခန်းကို မကြာမီဖွင့်လှစ်ပေးသွားမည်ဖြစ်ရာ ဖွင့်လှစ်သွားမည့် ဓာတ်ခွဲခန်းသို့ ယနေ့ နံနက် ၈ နာရီက စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့် ဌာနဆိုင်ရာများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ကြည့်ရှုစစ်ဆေးရာ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရှိ စိုက်ပျိုးရေး တာဝန်ခံများက မြေအသုံးချရေး ဓာတ်ခွဲလုပ်စဉ်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

စစ်ကိုင်းခရိုင်အတွင်း လယ်မြေဧက ၂ သိန်းကျော်၊ ယာမြေဧက ၇ သိန်း ၉ သောင်းကျော်၊ ကိုင်းကျွန်းမြေ ဧကတစ်သောင်းသုံးထောင်ကျော်၊ ဥယျာဉ်ခြံမြေဧက ၅၀၀ ဝန်းကျင်နှင့် စုစုပေါင်းဧက ၁၁ သိန်း ခန့် စိုက်ပျိုးလျှက်ရှိပြီး တောင်သူများနှင့်ချိတ်ဆက်၍ မြေအသုံးချရေး ဓာတ်ခွဲလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆောင်ရွက်လုပ်ကိုင်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးမှူးက ပြောသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့များသည် အုန်းတော စိုက်ပျိုရေးနည်းပညာပြန့်ပွားရေးစင်တာ ပြုပြင်ထားရှိမှုနှင့် Home Garden စိုက်ပျိုးမှုအား ကြည့်ရှူ့စစ်ဆေးရာ စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ၂၀၂၀ ခုနှစ် စိုက်ပျိုးရေးဆိုင်ရာ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးက တက်ရောက်လာသည့်တောင်သူများကို စိုက်ပျိုးရေးဆိုင်ရာ ရင်ဆိုင်ဖြေရှင်းရမည့် အခက်အခဲများကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

 

ဇော်မြင့်နိုင်(ခရိုင်ပြန်/ဆက်)