စစ်ကိုင်း စက်တင်ဘာ ၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်းသို့ ဒုတိယအကြိမ် ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားကို စစ်ကိုင်းမြို့၊ ဆက်သွယ်ရေးတာဝါတိုင်အနီး ဧရာဝတီ မြစ်ကမ်းနံဘေးတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ငါးမျိုးများ စိုက်ထည့်ရာသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဆန်းထွန်းစိန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စွာမောင်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြပြီး ငါးမြစ်ချင်း (၂)လက်မအရွယ် အကောင်(၁)သိန်းနှင့် ငါးခုံးမကြီး (၂)လက်မအရွယ် အကောင်(၁)သိန်း စုစုပေါင်း အကောင်ရေ (၂)သိန်းတို့ကို ဧရာဝတီမြစ်အတွင်း စိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

 

စစ်ကိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတ မပြုန်းတီးရေး၊ ငါးစားသုံးသူများ ငါးစားသုံးမှု ပြည့်စုံဖူလုံရေးတို့အတွက် နှစ်စဉ် ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးများ စဉ်ဆက်မပြတ် စိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

 

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)