စစ်ကိုင်း ၂၃ အောက်တိုဘာ

 

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ  စာပေဖတ်ရှုသူပြည်သူများထံသို့ သုတ/ရသစာအုပ်မျိုးစုံကို လက်ဝယ်အရောက် အခမဲ့ငှားရမ်းပေးလျက်ရှိရာ  အောက်တိုဘာ ၂၃ ရက် နံနက် ၉ နာရီက ခရိုင်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲရင့်ရိပ်သာတို့၌ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။           

                                   

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ကျေးရွာများနေ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအပါအဝင် စာပေဖတ်ရှုလိုသူပြည်သူများ အဆင်ပြေစွာ ဖတ်ရှုနိုင်ရန်အတွက် ယခုလို လက်ဝယ်အရောက် ငှားရမ်းပေးခြင်းဖြစ်ကြောင်းနှင့် အဆိုပါယာဉ်ဖြင့် စာအုပ်များ လှည့်လည် ငှားရမ်းပေးရာတွင်  အပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့အထိ နှစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် အလှည့်ကျ သတ်မှတ်နေရာများသို့ သွားရောက်ငှားရမ်း ပေးရကြောင်း ရွေ့လျားစာကြည့်တိုက် ယာဉ်ပေါ်ပါ ဝန်ထမ်းတစ်ဦးက ပြောပြသည်။

 

မျိုးဝင်း (ပြန်/ဆက်)