စစ်ကိုင်း ၃ ဇန်နဝါရီ
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ကျောင်းသား/ ကျောင်းသူများ ပြင်ပဗဟုသုတများရရှိနိုင်စေရန်အတွက် ဇန်နဝါရီ(၃)ရက်၊ နံနက်(၉)နာရီခွဲအချိန်က (အ.လ.က)ခွဲ ထူပါရုံနှင့် ရွှေမင်းဝံ(အ.ထ.က) ကျောင်းများသို့ သွားရောက်၍ သုတ/ရသ စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။
"ကျောင်းအရောက် လာရောက်ငှားရမ်းပေးတဲ့အတွက် ကျောင်းသား/ ကျောင်းသူတွေ စာဖတ် ဖြစ်သွားတာပေါ့။ စာဖတ်ဖြစ်တော့ သူတို့လေးတွေ အသိပညာတွေရရှိသွားပြီး အကောင်း၊ အဆိုး၊ အမှားအမှန်ခွဲခြားသွားတတ်ပြီး ဘဝလမ်းတစ်လျှောက် အဆင်ပြေချောမွေ့သွားနိုင်ပ" ဟု ရွှေမင်းဝံကျောင်းအုပ်ဆရာမကြီးက ပြောကြားခဲ့သည်။

စစ်ကိုင်းခရိုင် ပြန်/ဆက်ဦးစီးဌာနရှိ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ရပ်ကွက်/ ကျေးရွာနေ ပြည်သူများနှင့် အခြေခံပညာကျောင်းများသို့ နှစ်ပတ်လျှင် တစ်ကြိမ် စာအုပ်အသစ်များဖြင့် လှည့်လည်ငှားရမ်း ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ကျောင်းများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသော (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင် ၊ စစ်ကိုင်းခရိုင်ပြန်/ဆက်