စစ်ကိုင်း ၂၆ မေ
စစ်ကိုင်းမြို့ရှိ ခုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီးသို့ PPE ဝတ်စုံ (၁၀) စုံ၊ ၃ လွှာ နှာခေါင်းစည်း (၅၀၀) ခု၊ Hand Jel (၅၀) ဘူး ပေးအပ်လှူဒါန်းပွဲကို မေ ၂၆ ရက် နံနက် ၁၀ နာရီက အဆိုပါဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါလှူဒါန်းသည့် ပစ္စည်းများအား ရန်ကုန်မြို့ ဒေါက်တာဗိုလ်ဗိုလ်မောင် (စော်ဘွားလေးဗိုလ်ဗိုလ်မောင် သံဆူးကြိုး) မိသားစုက စစ်ကိုင်းမြို့ မြို့မိမြို့ဖအဖွဲ့ဝင် ဦးချစ်ဖူး(ရွှေနှင်းဆီစာပေ)နှင့် မြို့နယ်ကြက်ခြေနီတို့မှတစ်ဆင့် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်ကြီးများထံသို့ လွှဲပြောင်းလှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


