စစ်ကိုင်း  ၂၃  နိုဝင်ဘာ

 

စစ်ကိုင်းမြို့၊ ခုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးသို့ မြို့မိ/ မြို့ဖအဖွဲ့မှ Surgical Gowns များ၊ အသက်ရှူစက်နှင့် အလှူရှင်များမှ ပရဟိတအသင်းများသို့ ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့၊ နံနက်ပိုင်းက ပြည်သူ့ဆေးရုံကြီးရှိ အစည်းအဝေးခန်းမအတွင်း ကျန်းမာရေးနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

လှူဒါန်းပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းနှင့် ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်တို့က ဝမ်းသာပီတိ စကားများပြောကြားပေးခဲ့ကြပြီး စစ်ကိုင်းမြို့မိ/ မြို့ဖအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလွင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလမှာ ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်လျက်ရှိသည့် အသက်ရှူစက်နှင့် Surgical Gowns များ လှူဒါန်းပေးရခြင်းဖြစ်ကြောင်း၊ ထို့အတူ ကိုဗစ်-၁၉ ကာလမှာ မြို့ပေါ်ရှိ ပရဟိတအဖွဲ့များက အရေးပေါ်လူနာသယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အားကြိုးမာန်တက် လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို မြင်တွေ့ကြားသိရတဲ့အတွက် အလှူရှင်များစုပေါင်းကာ အခုလိုဂုဏ်ပြု ချီးမြှင့်ပေးရခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောကြားကာ ပြည်သူဆေးရုံကြီး၊ ကျန်းမာရေးဦးစီးဌာနနှင့် ပရဟိတအဖွဲ့များအား တာဝန်ရှိသူများက လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

 

စစ်ကိုင်းမြို့အနေဖြင့် ပရဟိတတအသင်းအဖွဲ့ပေါင်း (၈)သင်းရှိပြီး Volunteer အဖွဲ့ဝင်(၅၇)ဦး ရှိရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် ထိစပ်သူများအား အချိန်နှင့် တစ်ပြေးညီ သယ်ယူပို့ဆောင် ပေးနေကြကြောင်း သိရသည်။

 

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်ပြန်/ဆက်

 

mdn