စစ်ကိုင်း ၁၄ ဇန်နဝါရီ 


စစ်ကိုင်းမြို့တွင် ကျင်းပလျက်ရှိသော ကလေးစာပေပွဲတော် ဒုတိယမြောက်နေ့တွင် မြို့ပေါ်ရှိအခြေခံ စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဘုန်းတော်ကြီးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။


စာပေပွဲတော် ဒုတိယနေ့တွင် အခြေခံစာသင်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကများ၊ တိုင်းရင်းသားရိုးရာအကများ ဖျော်ဖြေပေးပြီး ကလေးစာပေပွဲတော်တွင် ပြုလုပ်လျက်ရှိသော ဆေးရောင်ခြယ်၊ အရုပ်ခေါက်၊ ပုံပြော၊ ကျပန်း၊ ဂိမ်းကစားခြင်း၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲ၊ ထုပ်ဆီးထိုးပြိုင်ပွဲများနှင့် စာအုပ်အရောင်းဆိုင်တို့တွင် ဝယ်ယူသူများဖြင့် ပထမရက်ထက် စည်းကားလျက်ရှိကြောင်း သိရသည်။


စိုးဝေအောင်(ခင်ဦး)