စစ်ကိုင်း ၁၈ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်လူငယ်ရေးရာကော်မတီတို့ပူးပေါင်းဖွင့်လှစ်သည့် ပန်းအလှဆင်နှင့် မုန့်ဖုတ်နည်း (အခမဲ့) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်က သင်တန်း အဖွင့်အမှာစကား ပြောကြားခဲ့ကာ ခရိုင်လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးဗိုလ်ဗိုလ်ခိုင်က သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပန်းအလှဆင်နည်းနှင့် မုန့်ဖုတ်နည်းများကို စစ်ကိုင်းခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဝင်းနှင့်ဝန်ထမ်းများက ဖေဖော်ဝါရီ(၁၈)ရက်မှ ဖေဖော်ဝါရီ (၂၀)ရက် အထိ စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်သည်။
သင်တန်းတွင် ပန်းအလှဆင်နည်းကို စတင်သင်ကြားပေးခဲ့ကြကာ မုန့်ဖုတ်နည်းတွင် ကြက်သား အစာသွပ်၊ ခါကြက်ဥနနွင်းမကင်းနှင့် ပသျူးသာကူပေါင်း ပြုလုပ်နည်း တို့ကို သင်ကြားပေးသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်နှင့် ခရိုင်အဆင့် လူငယ်ရေးရာ အဖွဲ့ဝင်များ၊ အခြားဖိတ်ကြားထားသူများနှင့် သင်တန်းသား/သူများ တက်ခဲ့ကြကြောင်း သိရသည်။
မျိုးဝင်း(ခရိုင်ပြန်/ဆက်)


