စစ်ကိုင်း  ၂၇   အောက်တိုဘာ

 

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြသူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ရေး အသိပညာပေး ပြည်သူ့စကားဝိုင်းကို အောက်တိုဘာ ၂၇ ရက် နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။         

 

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းက အဖွင့်အမှာစကား ပြောကြားခဲ့ကာ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဦးအောင်အောင်ထွေးက မိမိတို့ဌာန၏ လုပ်ဆောင်ရသည့်လုပ်ငန်းတာဝန်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ရေး အသိပညာပေး ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းပြခဲ့သည်။      

 

                                                                                                                                           ပြည်သူ့စကားဝိုင်းကို ဆက်လက်ကျင်းပရာ စာရေးဆရာ ဇော်နောင်ဟိန်း(ဂစ်တာ)က အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ကာ ဦးဆောင်ဆွေးနွေးမည့် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များနှင့် မိတ်ဆက်ပေးသည်၊  ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းက လွှတ်တော်အတွင်း လုပ်ငန်းဆိုင်ရာကိစ္စများဆောင်ရွက်နေမှုနှင့် ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများကို လိုက်နာဆောင်ရွက်ရေးကို လည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဦးအောင်မြင့်က ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်းဆိုင်ရာ ပတ်သက်၍ သိရှိလိုက်နာရမည့် ဥပဒေများကို လည်းကောင်း၊ စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးဇော်လွင်က မိမိတို့ရဲတပ်ဖွဲ့၏ ရဲလုပ်ငန်းဆိုင်ရာ ကိစ္စများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာ၌ နေ့ဘက်တွင်အသွင်တစ်မျိုး ညဘက်တွင် အသွင်တစ်မျိုး လုပ်ဆောင်ရမှုများကို လည်းကောင်း၊ အမှတ်(၁၀၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (စစ်ကိုင်း)မှ ဒုတိယ ရဲမှူးဝင်းကိုကိုက မိမိတို့ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ အင်အားနှင့် နယ်မြေအတွင်း တာဝန် ဆောင်ရွက်နေရမှုနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးများကို ရှင်းလင်းပြောပြကြရာ  မြို့မိ၊ မြို့ဖအဖွဲ့အတွင်းရေးမှူး ဦးဇော်ဝင်းနှင့် အခမ်းအနား တက်ရောက်လာသည့် ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာ များကို ပြန်လည်မေးမြန်းကြရာ ဦးဆောင် ဆွေးနွေးသည့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များက မေးမြန်းမှုကဏ္ဍအလိုက် ပြန်လည်ဖြေကြား ပေးခဲ့ကြပြီး  အမှတ်(၁၀၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (စစ်ကိုင်း)မှ တပ်ဖွဲ့ဝင်များက ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ(၇)ရက်နေ့၌ ပြဌာန်းသည့် မော်တော်ယာဉ် ဥပဒေနှင့် ယာဉ်မောင်းသူများ သိရှိလိုက်နာရမည့် အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ပေးဝေခဲ့ကြောင်းသိရသည်။                                                                                                        

 

မျိုးဝင်း (ခရိုင်ပြန်/ဆက်)