နေပြည်တော် ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ နန်းဦးမြို့သစ်ရှိပထမအင်းဝခေတ် မိုးညှင်းမင်းတရားကြီးက သက္ကရာဇ် ၇၈၉ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သော မဟိယင်္ဂဏစေတီတော်ကြီးသည် ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သဖြင့် မဟိယင်္ဂဏစေတီတော်ကြီး အသစ်တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာ နှင့် အုတ်မြစ်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်ကျင်းပရာ နိုင်ငံတော် ဩဝါဒါစရိယ၊ ရွှေကျင် နိကာယ ဥက္ကဋ္ဌ ဂဏာဓိပတိ သောဠသမ ရွှေကျင် ရွှေကျင် သာသနာပိုင်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပက အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံနှင့် တက်ရောက်လာကြသူများ က သီတဂူဆရာတော်ထံမှ ငါးပါးသီလခံယူဆောက် တည်ကြသည်။(ဝဲပုံ) ထို့နောက် သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ကြ ပြီး ပန္နက်တင်ခြင်းမင်္ဂလာပြုလုပ်ကြသည်။
ယင်းနောက် အုတ်မြစ်ချခြင်းမင်္ဂလာအခမ်းအန ကို သံဃာတော်များ၊ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ကြပြီး အမွှေးနံသာရည်များ ပက်ဖျန်း၍ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်