စစ်ကိုင်း   ၁၂   စက်တင်ဘာ


စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေးကြီးအတွင်း စားသုံးသူ အကာအကွယ်ပေးရေး၊ အန္တရာယ်ရှိ စားသောက်ကုန်များ ရောင်းချမှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးကာ အသိပညာပေးများ ဆောင်ရွက်ခဲ့ကြသည်။


ကွင်းဆင်းစစ်ဆေးရာသို့ စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်အောင်ကျော်နှင့်အတူဝန်ထမ်းများ၊ ခရိုင်အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ဝင်များက ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကုန်စည်များ၊ စားသုံးသူပြည်သူများအတွက် လုံခြုံစိတ်ချရမှု ရှိ/မရှိ၊ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြပြီး ထုတ်လုပ်ရောင်းချသူ ဥပဒေများ၊ စားသုံးသူအခွင့်အရေးဥပဒေများကို ဆွေးနွေးပြောကြားခဲ့ကြသည်။ 


“ ဌာနအနေနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ စာသုံးသူအကာ အကွယ်ပေးရေးအတွက် ဈေးများအတွင်း၊ ရပ်ကွက်များအတွင်း၊ ကျောင်းဈေးဆိုင်များအတွင်း စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပြီး အန္တရာယ်ရှိစားသောက်ကုန်ပစ္စည်းများတွေ့ရှိပါက ပညာပေးဆွေးနွေးကာ ပြန်လည်သိမ်းဆည်းခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် လစဉ်ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးခင်မောင်ဝင်းက ပြောပြခဲ့ကြောင်း သိရသည်။


စစ်ကိုင်းခရိုင်ပြန်/ဆက်

 

SMW(M