နေပြည်တော် ဇွန် ၈
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ သောတပန် သောတပန်ရပ်ကွက် လေးကျွန်းမာရ်အောင် ဘုရားပုရိဝုဏ်ဂုဏ်အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့် ရွှေဘုံသာစေတီတော်မြတ်ကြီး အား အသစ်ပြန်လည် တည်ထားကိုးကွယ်မည့် မြေနေရာ မြေသန့် ပရိတ်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်း တွင် ပြုလုပ်ရာ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဇောတိကဓဇ မဟ မဟာဂန္ထဝါစက ပဏ္ဍိတဓမ္မကထိက ဗဟုဇနဟိတဓရ၊အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ စည်သူဘွဲ့ အဂ္ဂမဟာကမ္မဌာနာ စရိယ ဒေါက်တာ ဆေကိန္ဒ အမှူးပြု သော သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများ၊ ဂေါပက အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို “နမောတဿ”သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ရတနာဓူဝံချောင် ပန်ကျောင်းတိုက်၏ ဩဝါဒါစရိယ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ဇောတိကထံမှ ရှစ်ပါးသီလ ခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များက မြေသန့်ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိကထံမှ အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချ အမျှဝေကြသည်။ ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံနှင့် တက်ရောက်လာကြသူများ က သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်