နေပြည်တော်၊ ၂၁ ဒီဇင်ဘာ
ဒီဇင်ဘာ ၂၁ ရက်၊ ည ၇နာရီခွဲတွင် မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၁)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း စစ်ကိုင်းမြို့၏ အရှေ့-အရှေ့တောင်ဘက်(၁)မိုင်ခန့်အကွာတွင် မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း သိရသည်။
အဆိုပါ ငလျင်သည် မြောက်လတ္တီတွဒ် (၂၁.၉၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၈)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၂အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုဖြစ်သည်။
Crd-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


