စစ်ကိုင်း ၁၈ မတ်
စစ်ကိုင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနနှင့် စစ်ကိုင်းမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ကိုင်းမြို့ ကားကြီးကွင်းရှိ ကားဂိတ်များတွင် ကားဆရာများ၊ ခရီးသည်များကို ယမန်နေ့ည ၆ နာရီခွဲတွင် COVID-19 အသိပညာပေး လက်ကမ်းစာစောင်များ၊ ပညာပေး DVD တိတ်ခွေများ၊ ဗီနိုင်းပိုစတာများ၊ ကားပေါ်လိုက်ပါမည့် ခရီးသည်များအား လက်သန့်စင်ဆေးရည် (HANDSANITIZER GEL) အား လက်တွေ့ အသုံးပြုပြီး မှ ကားပေါ်တက်စေခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့အပြင် COVID-19 ရောဂါကာကွယ်ရေးအတွက် အလှူငွေကျပ် ငါးသောင်းကို ဒေါ်သီတာခိုင် (ရွှေနှင်းဆီစာပေ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုဥက္ကဋ္ဌ) က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်မောင်မန်းကိုယ်ပွား



