စစ်ကိုင်း နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှပေးပို့သော (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို စစ်ကိုင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးက ဖတ်ကြားပေးခဲ့သည်။
ထို့နောက် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူ များက (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်/ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား/ ကျောင်းသူ များအား ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)