စစ်ကိုင်း နိုဝင်ဘာ ၂၀

၂၀၂၁ ခုနှစ် စစ်ကိုင်းခရိုင် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသား (လူသစ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက ခရိုင်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ဆုချီမြှင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက် အားပေးကြည့်ရှု ခဲ့ကြပြီး ဗိုလ်လုပွဲအဖြစ် ဇေယျာပိုက်ကျော်ခြင်းအသင်းနှင့် ရိုးရိုးလေးပိုက်ကျော်ခြင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဇေယျာပိုက်ကျော်ခြင်းအသင်းက အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိခဲ့ကြသော ပိုက်ကျော်ခြင်းအသင်းများအား အားကစားနှင့် ကာယပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ် ခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)