စစ်ကိုင်း  ၇  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၌ ကျင်းပမည့် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ခရိုင်စီမံခန့်ခွဲမှု ကော်မတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်က အမှာစကားပြောကြားခဲ့သည်။

 

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ယဉ်ဆွေဝင်းက ပွဲတော်နှင့်ပတ်သက်၍ လုပ်ငန်းစဉ်များကိုလည်းကောင်း စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးမှူးနှင့် ခရိုင်ပညာရေး ဦးစီးမှူးတို့က ပွဲတော်ကျင်းပရန်အတွက် စီစဉ်ထားရှိမှုများ ကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။    

 

ယင်းနောက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများက ဆောင်ရွက်ထားရှိသည့် လုပ်ငန်းအခြေအနေများကို တင်ပြ ကြရာ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။    

 

အဆိုပါ ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲတော်ကို  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်း၍ စစ်ကိုင်းမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

မျိုးဝင်း(ပြန်/ဆက်)