စစ်ကိုင်း   ၅   ဩဂုတ် 

 

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်ယာဉ်မှ ဝန်ထမ်းများအဖွဲ့သည် စစ်ကိုင်းမြို့ ဝေဠုဝန် ငါးထပ်ကြီးဘုရားရှေ့လမ်းမတစ်လျှောက်နှင့် ဧမြဝတီရပ်ကွက်လမ်းမတစ်လျှောက်ရှိ ခရီးသွား ပြည်သူများနှင့် ရေဘေးရှောင် ခေတ္တယာယီနေထိုင်သူများအား ဆန္ဒမဲပေးမည့်သူများ သိရှိထားသင့်သည့် မဲစာရင်းဆိုင်ရာအချက်အလက်များနှင့် ငလျှင်အသိပညာပေးလက်ကမ်း စာစောင်များကို ယမန်နေ့က  ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဟန်မျိုးကျော်က ဦးဆောင်ကာ လမ်းတစ်လျှောက်ရှိ ခရီးသွားပြည်သူများ၊ လမ်းဘေး ဈေးဆိုင်များနှင့် အများပြည်သူသိမြင်နိုင်သော ထင်သာမြင်သာရှိသည့်နေရာများတွင် ဆန္ဒမဲပေး မည့်ပြည်သူများသိရှိထားရမည့် မဲစာရင်းဆိုင်ရာအချက်အလက်များဖြစ်သည့် “မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ” အသိပညာပေးပိုစတာများအား လိုက်လံကပ်ထားပေးခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် ငလျင်အသိပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။    

 

မျိုးဝင်း (ပြန်/ဆက်)