စစ်ကိုင်း    ၈   ဇူလိုင်

 

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများအား ငလျင်ဘေးအသိပညာပေးစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးစာစောင်တွင် ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ငလျင်ပြင်း အားများ၊ ငလျင်လှုပ်နေစဉ် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ ငလျင်လှုပ်ပြီး နောက် ပြုလုပ်ရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ မြန်မာနိုင်ငံ၏ ငလျင်ဇုန်ပြမြေပုံများ၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့လျှင် ဆက်သွယ်ရမည့် ဌာန ဖုန်း၊ အီးလ်မေး လိပ်စာများ ပါရှိကြောင်း သိရသည်။

"ငလျင်ဘေးဆိုတာကတော့ ဘယ်အချိန်ကျရောက်မလဲဆိုတာ ကြိုတင်ခန့်မှန်းလို့မရတော့ တစ်ကယ် ငလျင်လှုပ်ခဲ့ပြီဆိုရင် ပြည်သူတွေအနေနဲ့ ကြောက်လန့်မှုမရှိဘဲ အသိပညာတွေ ကြိုတင်သိရှိ နိုင်အောင် အခုလို အခမဲ့လိုက်လံဖြန့်ဝေပေးတာပါ စစ်ကိုင်းမြို့နယ် ကျေးရွာများကိုလည်း လိုက်လံဖြန့် ဝေပေးသွားအုံးမှာပါ"ဟု ခရိုင်ပြန်/ဆက်မှ ဒေါ်ဇာဖြူထွန်းက ပြောပြ၍ သိရသည်။

 

ဇော်မြင့်နိုင်(ခရိုင်ပြန်/ဆက်)