စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာ၌ လက်ကိုင်ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား

စစ်ကိုင်း ၁၅  ဖေဖော်ဝါရီ

 

စစ်ကိုင်းမြို့နယ်  ညောင်ပင်ဝန်းကျေးရွာ စစ်ကိုင်း-မုံရွာသွားကားလမ်းဘေး ပိုင်ရှင်ဦးရဲထွဋ်၏ စားသောက်ဆိုင်၌ ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၄ နာရီ ၁၀ မိနစ်က လက်ကိုင်ဖုန်း အားသွင်းရာမှ အပူလွန်ကဲပြီးပေါက်ကွဲကာ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။    

 

မီးလောင်မှုဖြစ်ပွားရာသို့ စစ်ကိုင်းမြို့နယ် မီးသတ်စခန်းမှ ဒုတိယ မီးသတ်ဦးစီးမှူး ဦးသီဟံနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အုန်းတောနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၁)စီးနှင့် ရေသယ်ယာဉ်(၁)စီး၊ ရွာသစ်ကြီးအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ မြင်းမူ မြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးမျိုးသူအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက  မီးငြှိမ်းသတ်ယာဉ်(၁)စီးနှင့် ရေသယ်ယာဉ်(၁)စီး၊ ထီးဆောင်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ပျော့ကျေးရွာမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ကျေးရွာပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခြင်းကြောင့် ညနေ(၄)နာရီ(၄၀)မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။        

 

မီးလောင်မှုကြောင့် (၂၀x၁၅)ပေသွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း(၁)ထပ်နှင့်(၃၀x၁၅)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ်"ဦးလေးကြီး" စားသောက်ဆိုင် (လူနေအိမ်နှင့်တွဲလျှက်) ဆုံးရှုံးသွားခဲ့ပြီး လူနှင့်တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်းသိရပြီး ရွာသစ်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။    

 

မျိုးဝင်း (စစ်ကိုင်း)

 

IMG_382779217