စစ်ကိုင်း ၃ ဇွန်

 

စစ်ကိုင်းမြို့နယ် သတင်းထောက်များအဖွဲ့အစည်းမှ အဖွဲ့ဝင်များကို Covid-19 ရောဂါ ကာလအတွင်း၌ အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန် ၃ ရက် နံနက် ၉ နာရီက စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ် ဦးကျော်ထူးနေအိမ်တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို စစ်ကိုင်းမြို့နယ်မှ သက်ကြီးကန်တော့ခံ သတင်းစာဆရာကြီး (၃)ဦးကို အဖွဲ့ဝင်များနှင့် အိမ်တိုင်ရာရောက် သွာရောက်ထောက်ပံ့ လှူဒါန်းခဲ့ပြီး ကျန်အဖွဲ့ဝင် (၁၄)ဦးတို့ကို ပန်းဘဲတန်ရပ် ဦးကျော်ထူး (သတင်းထောက်) နေအိမ်တွင် ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့သည်။

 

သတင်းထောက် အဖွဲ့ဝင် (၁၇)ဦးတို့ကို တစ်ဦးလျှင် ဆန် (၄)ပြည်၊ ဆီ (၁)ပိဿာ၊ ကြက်သွန်နီ (၁)ပိဿာ ငါးသေတ္တာ (၂)ဘူးတို့ကို စစ်ကိုင်းမြို့ရှိ သတင်းထောက်များမှ သာရေး နာရေး ကျန်းမာရေး အဖွဲ့အစည်းများ ဖွဲ့စည်းကာ လစဉ်ကြေးများ ကောက်ခံထားရှိခဲ့သည့် အသင်းရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)