စစ်ကိုင်း၊   ၅   ဇန်နဝါရီ

 

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ညောင်ပင်းဝန်းတိုက်နယ် နည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံများနှင့် စိုက်ပညာရှင်ဝန်ထမ်းများသည် ဇန်နဝါရီ ၄ရက် မွန်းလွဲပိုင်းက သဖန်းသာအုပ်စု၊ မအူပင်ကျေးရွာ ကွင်းအမှတ်(၉၀၁) စိုက်ဧက(၇)ဧကတွင် တောင်သူဦးဝင်းမြင့်၏ ဧရာမင်းမိုးစပါး စိုက်ကွင်းအား စံကွက်ရိတ်သိမ်းခဲ့ကြကြောင်း သိရသည်။

 

mdn

 

ထိုသို့ရိတ်သိမ်းရာတွင် ညောင်ပင်ဝန်းတိုက်နယ် နည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံတစ်ဉီးက “ဌာနအနေဖြင့် တောင်သူများကို သီးနှံအထွက်နှုန်းကောင်းစေရန် စိုက်ပျိုးချိန်မှ ရိတ်သိမ်းသည်အထိ နည်းပညာများဖြန့်ဝေပေးပြီး ဓာတုပစ္စည်းများ မလိုအပ်ဘဲမသုံးစွဲရန်၊ ဓာတုဓာတ်ကြွင်း အန္တရာယ်များ အကြောင်းဆွေးနွေးပြီး သဘာဝပိုးပြေးဆေးနှင့် သဘာဝမြေဩဇာပြုလုပ် သုံးစွဲနည်းများကို သုံးစွဲကြရန် နည်းပညာများ ဖြန့်ဝေပေးသည်။

 

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအား စိုက်ပျိုးရေး အခက်အခဲ ရှိပါက နယ်မြေအတွင်းရှိ သက်ဆိုင်ရာ နည်းပညာပြန့်ပွားရေးစင်တာများနှင့် ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ ဆွေးနွေးမေးမြန်းနိုင်ကြောင်းလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 

ဇော်မြင့်နိုင်(စစ်ကိုင်းခရိုင်ပြန်/ဆက်)