စစ်ကိုင်း ၊၂၁ ဒီဇင်ဘာ

 

စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သွားလာမှုများအား ပညာပေးကာလ ကျော်လွန်လာခဲ့ပြီဖြစ်၍ ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကာ ကြပ်မတ်စိစစ်လျက်ရှိရာ ဒီဇင်ဘာ ၂၀ ရက်က စည်းကမ်းမလိုက်နာသူ ၁၉ ဦးအား စိစစ်ရေးအဖွဲ့များမှ ငွေဒဏ်ဖြင့် အပြစ်ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။  

           

မြို့နယ်အတွင်း စည်းကမ်းမလိုက်နာ၍ အပြစ်ပေးခံရသူ ပထမနေ့တွင် ၇၆ ဦး၊ ဒုတိယနေ့တွင် ၅၈ ဦး၊ တတိယနေ့တွင် ၂၈ ဦး၊ စတုတ္ထနေ့တွင် ၂၄ ဦး၊ ပဉ္စမနေ့တွင် ၄၄ ဦး၊ ဆဌမနေ့တွင် ၁၉ ဦးတို့ဖြစ်ကာ စတင်စိစစ်သည့် ဒီဇင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၂၀ ရက် ညနေအထိ စုစုပေါင်း ၂၄၉ ဦးအား သတ်မှတ်ထုတ်ပြန်ထားသည့် စည်းကမ်းလိုက်နာမှုမရှိခြင်းတို့ကြောင့် ငွေဒဏ်ဖြင့် အပြစ်ပေးခဲ့ကြပြီး ယနေ့အထိ တည်ဆဲဥပဒေအရ အရေးယူခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။     

                                   

မျိုးဝင်း(စစ်ကိုင်း)