စစ်ကိုင်း ၁ ဇူလိုင်
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း/ တောင်သူ စွမ်းဆောင်ရည်မြင့်မားရေးအတွက် မိုးရာသီ ပျိုးသက်နု ကောက်ကွက်ကြဲ ဆားရည်စိမ်မျိုးစေ့ ပျိုးထောင်စိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြပွဲ ကို ဇူလိုင်(၁)ရက်၊ နံနက်ပိုင်းက ကုန်းရွာကျေးရွာ တောင်သူ ဦးကျော်ဆန်း၏ လယ်ကွက်တွင် ပြုလုပ်ဆောင် ရွက်ခဲ့သည်။
" ဆားရည်စိမ် မျိုးစေ့ပျိုးထောင်စိုက်ပျိုးနည်း လက်တွေ့ပြသပေးတာပါ ပထဦးစွာ ပလစ်စတစ် အောက်မှာခင်းပြီး အလျား(၈)ပေ၊ အနံ(၄)ပေရှိ၊ (၂)ပေ၊ (၁)ပေ အကွက်(၁၆)ကွက်ပါတဲ့ ဘောင်တစ်ခု ချခင်းပါ့မယ် ပြီးရင် နှုံးမြေနဲ့ နွားချေး ရောစပ်ထားတဲ့ မြေဆွေးများ ဘောင်ကွက်များအတွင်း စနစ်တစ်ကျ ဖြစ်အောင်ထည့်ပေးရပါ့မယ်။ ပြီးတော့ ရေလောင်းမယ် နောက်တော့ မျိုးစေ့တွေဖြန့်ချမယ်။ ပြီးရင်နှုန်းမြေ ပြန်ဖုံးပြီး နောက်ထပ်ရေဖျန်းပေးရပါအုံးမယ်။ ခဏနေရင် မြေဖန့်ဖန့်အချိန် ဘောင်ကိုမတင်ဖယ်ရှား ပေးရပါတော့မယ်။ တစ်ဧကစာ စိုက်ပျိုးဖို့ ပျိုးထောင် မယ်ဆိုရင် (၁၆)ကွက်ပါဘောင် (၆)ဘောင်လောက် ပျိုးထောင်ပေးရပါ့မယ်။ ဒါဆိုင်ရင် (၁၄)ရက်ထက် မကျော်သော ပျိုးပင်များရရှိလာမှာပါ။ ပျိုးပင်များကို ရာသီဥတုဒဏ်ခံနိုင်အောင် ပျိုးဘောင်ပေါ်မှာ တောက်ရိုးပါးပါး ဖုံးအုပ်ပေးထားပြီး ကြွက်များမလာ ရောက်နိုင်အောင်လည်း ကြွက်ပြေးပိုက်များဖြင့် ကာရံပေးထားမယ်ဆိုရင် အောင်မြင်တဲ့ ပျိုးပင်များရရှိ လာမှာပါဟု " မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်ဦးက ပြောပြ၍သိရသည်။
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆားရည်စိမ် မျိုးစေ့ပျိုးထောင်နည်းဖြင့် ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ မျိုးကွဲဆင့်ပွားမျိုးစေ့(၁၅)ဧက စိုက်ပျိုးထုတ်လုပ်သွားမှာဖြစ်ပြီး တောင်သူတစ်ဦး တစ်ယောက်မှသည် ဒေသတွင်းရှိ တောင်သူများစိုက်ပျိုးနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်(ခရိုင် ပြန်/ဆက်)


