စစ်ကိုင်း မေ ၂၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံမှု စတင်လက်ခံပေးခြင်းကို တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ မေ ၂၃ ရက်မှစ၍ စစ်ကိုင်းမြို့ရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းအပ်လက်ခံပေးခြင်းကို စတင်ဆောင်ရွက်ပေးခဲ့ကြသည်။
ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်လက်ခံရာတွင် သက်ဆိုင်ရာ ခရိုင်/မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများက အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးပြီး ကျောင်းအပ်နှံသည့် ကျောင်းသား/ ကျောင်းသူများကိုလည်း ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ် (၁)ဒါဇင်၊ ဘော့ပင် (၂)ချောင်း၊ ခဲတံ (၂)ချောင်းနှင့် အခြေခံပညာမူလတန်း ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကို နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၄ ခုနှစ် မေလ ၂၃ ရက် မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူရုံးမှ သိရသည်။
ဇော်မြင့်နိုင်