စစ်ကိုင်း မတ် ၂၆
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ခရိုင်နှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း က စစ်ကိုင်းမြို့ ကုတင်(၂၀၀)ဆန့် ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
စုပေါင်းသွေးလှူဒါန်းပွဲတွင် ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း(၁၈)ဦးမှ စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ကော်မတီဝင်များက ကြည့်ရှုအားပေးခဲ့ကာ သွေးလှူရှင်များအား ကြက်ဥ၊ အချိုရည်၊ အားဆေးနှင့် ဓာတ်ဆားထုပ်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)


