စစ်ကိုင်း ဇူလိုင် ၂၄

 

စစ်ကိုင်းမြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက စိန်ကုန်းတိုက်နယ် လေးကျွန်းမြေအုဠ်ကျောင်းတိုက် ပဓာန နာယကဆရာတော် ဦးဆောင်၍ ကျောင်းတိုက်အတွင်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန်အတွက် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မြို့မိ/ မြို့ဖများ၊ ပရဟိတအဖွဲ့များ၊ ဒေသခံပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အမြန်ဆုံး တည်ဆောက်သွားမည် ဖြစ်ကြောင်း စက်ရုံအတွက် ပါဝါမီတာရရှိရေးအတွက်လည်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဆင်ပြေအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြေနေရာအခက်အခဲ မရှိရအောင်လည်း လေးကျွန်းမြေအုဠ် ကျောင်းတိုက်ဆရာတော်မှ ကျောင်းဝင်းအတွင်း ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

 

စစ်ကိုင်းခရိုင်(ပြန်/ဆက်)

mdn