စစ်ကိုင်း ၂၇  မေ

 

စစ်ကိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ အင်းရာသီနှစ်အတွက် ပထမအကြိမ် အင်းများနှင့် တင်ဒါငါးဖမ်းကွက်များ ဈေးပြိုင်လေလံတင် ရောင်းချခြင်းကို ယနေ့ နံနက်ပိုင်းက ငါးလုပ်ငန်း သင်တန်းကျောင်း(စစ်ကိုင်း)၌ ပြုလုပ်ခဲ့သည်။

 

" စစ်ကိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ခရိုင်အတွင်းမှာ အင်းပေါင်း(၉၆)အင်းရှိပါတယ်။ စစ်ကိုင်း မြို့နယ်မှာ(၃၅)အင်း၊ မြင်းမူမြို့နယ်မှာ(၁၀)အင်းနဲ့ မြောင်မြို့နယ်မှာ(၅၁)အင်းပါ သက်မှတ် စည်းကမ်းချက်များ နှင့်အညီ ဈေးပြိုင်ပေးသွားရမှာပါ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလ ဖြစ်တဲ့အတွက် လူစုလူဝေး မဖြစ်ရလေအောင် ကျန်းမာရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ဈေးပြိုင် ဆွဲယူကြတဲ့ ပြည်သူတွေကို လူစုခွဲပြီး ဈေးပြိုင်ပေးသွင်းစေပါတယ်။ ဒုတိယအကြိမ်အဖြစ် ပြန်လည် ဆောင် ရွက်သွားအုံးမှာပါ " ဟု ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအယ်လ်တူးရိန်က ပြောပြ၍ သိရသည်။

 

ပထမအကြိမ် အင်းလေလံဈေးပြိုင်စနစ်ပေးသွင်းခြင်းကို စစ်ကိုင်းမြို့နယ်မှ(၁၁)အင်း၊ မြင်းမူမြို့ နယ်မှ(၅)အင်း၊ မြောင်မြို့နယ်မှ အင်း (၃၀) တို့ ဈေးပြိုင်စနစ်ပေးသွင်းခဲ့ကြကြောင်း သိရသည်။

 

ဇော်မြင့်နိုင်(စစ်ကိုင်းခရိုင်ပြန်/ဆက်)