စစ်ကိုင်း ဇွန် ၁၈ 
    

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်(စစ်ကိုင်း)နှင့် Intensity Community Centre တို့ ပူးပေါင်းဖွင့်လှစ်သည့်  Media and Information Literacy Course အွန်လိုင်းမီဒီယာအသုံးပြုနည်း အခမဲ့သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိကိုယ်စား ဒုတိယဦးစီးမှူး ဒေါ်ဇာနည်ဝင်းက သင်တန်းအဖွင့် အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ ဦးအောင်သန်းထွဋ်က သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။    

                        
အဆိုပါသင်တန်းကို ဇွန်(၁၈)မှဇွန်(၂၁)ရက်အထိ ပရိုဂျက်တာများဖြင့် လေးရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းသား သင်တန်းသူ (၅၀)တက်ရောက်ခဲ့ကာ ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြကြောင်း သိရသည်။                                                                                                        

မျိုးဝင်း (စစ်ကိုင်း)