စစ်ကိုင်း ၂၁ ဇန်နဝါရီ
စစ်ကိုင်းမြို့ မီးရထားရပ်ကွက်တွင် (၇၃)နှစ်မြောက် ပြည်ထောင်စု့နေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် အကြိမ်(၂၀)မြောက် အသက်(၄၀)နှင့်အထက် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကို ဇန်ဝါရီ(၂၀)ရက်၊ ညနေ(၄)နာရီက စစ်ကိုင်းမြို့ မီးရထားရပ်ကွက် ဒီဇယ်စက်ရုံ ဘောလုံးကွင်း အတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
" လာမယ့် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ဘောလုံးပြိုင်ပွဲ ကျင်းပပေးတာပါ ။ ရပ်ကွက်သူ/ ရပ်ကွက်သားတွေ စည်းလုံးညီညွတ်မှုနဲ့ ချစ်ခင်ရင်းနှီးမှုတွေ ပိုမိုရရှိလာအောင် ကျင်းပပေး တာပါ။ ဘောလုံးအသင်း(၆)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး အုပ်စု(၂)စုခွဲပြီး ကျင်းပသွားမှာပါ။ ဆုကြေးအနေနဲ့ကတော့ အပျော်တမ်း ဖြစ်တဲ့အတွက် ပထမဆုကိုဒိုင်းဆုနဲ့ အားကစားဝတ် အနွေးထည်ရယ် ၊ဒုတိယဆုကိုတော့ ဖလားနဲ့ အားကစားအင်္ကျီ ရယ်တွေကို ဆုချီးမြှင့်သွားမှာပါ "ဟု ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဌ ဦးစိန်ဝင်းက ပြောပြ၍သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို အသင်း(၆)သင်းပါဝင် ယှဉ်ပြိုင်ကြပြီး တစ်အုပ်စုလျှင်(၃)သင်းခွဲ၍ အုပ်စု(၂)စု ခွဲ ယှဉ်ပြိုင်သွားမည်ဖြစ်ကာ နောက်ဆုံးဗိုလ်လုပွဲစဉ်ကို ဇန်နဝါရီ(၃၀)ရက်နေ့တွင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်ပြန်/ဆက်