စစ်ကိုင်း ၁၈ ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)မှ ဦးစီးကျင်းပတဲ့ ဒုတိယအကြိမ် ကျောက်စိမ်း အရောင်းပြပွဲကို ယနေ့နံနက်ပိုင်းက စတင်ပြီး စစ်ကိုင်းခရိုင်ချင်းဆက်လမ်းရှိ ထက်ကျော် ကိုယ်ပိုင်အထက်တန်းကျောင်းဝင်း အတွင်းမှာ ခင်းကျင်းပြသ ရောင်းချလျက်ရှိသည်။

 

04804

 

ဒုတိယအကြိမ် ကျင်းပတဲ့ ကျောက်စိမ်းအရောင်းပြပွဲမှာ ကျောက်စိမ်းအတွဲပေါင်း ၁၄၀ဝ ခင်းကျင်းရောင်းချလျက်ရှိပြီး ပြပွဲကိုတော့ ဒီဇင်ဘာ ၁၈ ရက်ကနေ ဒီဇင်ဘာ ၂၅ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။

 

36125

 

အဆိုပါ ကျောက်စိမ်းအရောင်းပြပွဲကို ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်နေသူတွေ ကုန်ကြမ်းလွယ်ကူစွာ ရရှိစေရေး၊ တိုင်းဒေသကြီး အစိုးရရန်ပုံငွေရရှိရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျောက်စိမ်း အရောင်းပြပွဲကို ကျင်းပပြုလုပ်တာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (စစ်ကိုင်း)မှ သိရသည်။ 

ပထမအကြိမ် ကျောက်စိမ်းအရောင်းပြပွဲကို ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၁ ရက်နေ့အထိ ၆ ရက်တိုင် ကျင်းပခဲ့ပြီး ကုမ္ပဏီပေါင်း ၁၀ဝ ကျော်ကမှ ကျောက်စိမ်းအတွဲပေါင်း ၂၀ဝ၀ ကျော် ခင်းကျင်းပြသရောင်းချခဲ့ရာ ကျပ်သိန်းပေါင်း ၂၈၀ဝ၀ ကျော်ဖိုး ရောင်းချခဲ့ရကြောင်း သိရသည်။

လူအောင်(ကသာ)