စစ်ကိုင်း ၁၈ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)မှ ကြီးမှူးကျင်းပသော (ဒုတိယ)အကြိမ် ကျောက်စိမ်းတွဲအရောင်းပြပွဲ အခမ်းအနားကို စစ်ကိုင်းမြို့ ထက်ကျော်ကိုယ်ပိုင် အထက်တန်းကျောင်းဝင်းအတွင်း၌ ဒီဇင်ဘာ (၁၈)ရက်၊ နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

 

2

 

အခမ်းအနားတွင်   စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့  ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ကြီးနှင့်တာဝန်ရှိသူများ၊ TAIWAN JEWELRY INDUSTRY ASSOCCIATION ၏ဥက္ကဋ္ဌ Mr. Chang Wen Chin နှင့် တာဝန်ရှိသူများ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ရောင်းချရန် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းတွဲများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

" ဒုတိယ အကြိမ်မြောက် ကျောက်စိမ်းအရောင်းပြပွဲပြုလုပ်တာပါ။ ဒီဇင်ဘာ (၁၈) ရက်ကနေ (၂၅) ရက်နေ့အထိ တင်ဒါစနစ်များနဲ့ ရောင်းချပေးသွားမှာပါ အဓိကတော့ ရောင်းချသူတွေ ဝင်ငွေရမယ်။ ကျောက်စိမ်း ဝယ်ယူရရှိသူတွေ ကုန်ကြမ်းပစ္စည်းတွေ တစ်စုတစ်ဝေးတည်း ရရှိနိုင်ပြီး နိုင်ငံတော် အတွက်လည်း အခွန်ဝင်ငွေတွေ ရရှိလာမှာဖြစ်ပါတယ်။ အခုလည်းပဲ ကျောက်စိမ်းဝယ်ယူသူတွေရဲ့ တောင်းဆိုချက်အရလည်း ဒုတိယအကြိမ် အရောင်းပြပွဲ ပြုလုပ်ဖြစ်တာလည်းပါတယ်။ အခုလည်းလည်း ကျောက်စိမ်းတွဲပေါင်း (၁၄၀ဝ) လောက်ခင်းကျင်း ပြသပေးထားပါတယ်။ မြန်မာ ကျပ်ငွေဖြင့် တင်ဒါစနစ်နဲ့ ရောင်းချပေးသွားမှာပါ" ဟု တိုင်းဒေသကြီး ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ(၁) ဦးကျော်ဌေးက ပြောကြားခဲ့ကြောင်း သိရသည်။

 

ဇော်မြင့်နိုင်(စစ်ကိုင်းခရိုင်ပြန်/ဆက်)