စစ်ကိုင်း ၁  ဖေဖော်ဝါရီ

 

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စစ်ကိုင်းမြိုတွင် ဖေဖော်ဝါရီ ၁ ရက်မှ စတင်၍ ဂျပန်ဘာသာစကားပြော သင်တန်းကို စစ်ကိုင်းမြို့ ရွာထောင်ရွှေသမားရပ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် စတင်ဖွင့်လှစ်ပို့ချကြောင်း သိရသည်။

 

 

သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက သင်တန်းအဖွင့် အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် သင်တန်းသားသင်တန်းသူ ၆၀ ကျော် တက်ရောက်ကြသည်။

 

         

ဂျပန်ဘာသာစကားပြောသင်တန်းကို "MYANMAR TREND" Japanese Language and Economic Study Centre မှ ဦးဆောင်ဖွင့်လှစ်ရာ ဂျပန်ဘာသာစကားသင်တန်း ဆရာ ဦးဝင်းကိုဦး Japanese Dip.B.A (International Economy  in HiGaShi Nippon University); M.A (Border Trade and Development Economy); Ph.D (Thesis); Research Assistant in KANTO GAKUIN University Japan နှင့်ဆရာမ ဒေါ်ကြည်လဲ့လဲ့ကျော် (B.A Japanese N1) နှင့်ဆရာ လှဟန်မြင့်တို့က အလွယ်တကူ တတ်မြောက်စေရန် အနီးကပ် သင်တန်းကြီးကြပ်ဆရာ တစ်ဦးဖြင့် သင်ကြားပို့ချပေးမည်ဖြစ်သည်။

 

       

“သင်တန်းအချိန်တွေကို ခွဲခြားပို့ချပေးမှာပါ။ ရုံးဝန်ထမ်းတွေ၊ ကျောင်းတက်နေတဲ့ ကျောင်းသားတွေ၊ အဝေးမြို့ရွာများက လာရောက်တဲ့ သင်တန်းသားတွေ အဆင်ပြေအောင် Section နဲ့ အချိန်ခွဲ သင်ကြားပေးဖို့ စီစဉ်ပြီးဖြစ်ပါတယ်" ဟု သင်တန်းဆရာ ဦးဝင်းကိုက ပြောသည်။ 

 

         

အကြွေးစနစ်ဖြင့် ဂျပန်နိုင်ငံသို့ Training Visa, Tokutei Ginou Visa တို့ဖြင့် သွားရောက်နိုင်မည့် အခွင့်အရေးဖြစ်သည့်အပြင် (MA Border Trade and Development Committee) Nursery Student Scholarship and Work Visa တို့ဖြင့် သွားရောက်နိုင်မည့် အခွင့်အရေးဖြစ်၍ ဂျပန်ဘာသာစကားနှင့် ထိတွေ့ချင်သူများ၊ ဂျပန်နိုင်ငံသို့သွားရောက် ကျောင်းတက်လိုသူများ၊ အနာဂတ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု၊ ဂျပန်၏ အလုပ်အကိုင်အခွင့်အလမ်း (ပြည်တွင်း) များအတွက် ပြင်ဆင်ခြင်း စသော လိုအပ်ချက်များ ဖြည့်ဆည်းထားနိုင်ရန် သင်တန်းမှ Japanese Langauge 4 Skill ကို အခြေခံမှစ၍ Level တစ်ခုခြင်းအလိုက် သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

 

       

ခိုင်ဇေယျ