စစ်ကိုင်း ၁၁ ဒီဇင်ဘာ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ ကြီးမှူးကျင်းပသော 2019 နှစ် ကြားဖြတ်လူဦး ရေသန်းခေါင် စာရင်းကောက်ယူရေး လုပ်ငန်းအတွက် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက်(၉)နာရီခွဲက အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီဥက္ကဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင်က သင်တန်းဖွင့် အမှာစကားပြောကြားရာ သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းပြီးရင် ပြီးရောသဘောမထားကြဘဲ ယခုသင်ကြားပို့ချပေးသွားမဲ့ ပညာရပ်တွေဟာ မိမိတို့အတွက် တန်ဖိုးကြီးမားသလို နိုင်ငံတော်အတွက်လည်း အကျိုးသက်ရောက်မှု တွေရရှိလာမှာဖြစ်ကြောင်း၊ စိတ်ဝင်စားစွာသင်ယူကြပြီး လက်တွေ့လုပ်ငန်းနယ်ပယ်မှာ အသုံးပြု ဆောင်ရွက် သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဆိုင်ရာ စစ်ကိုင်းခရိုင်ဦးစီးမှူး (ယာယီ) လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းဆွေက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းသို့ စစ်ကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်များမှ အမျိုးသား/အမျိုး သမီးလူငယ်/ လူရွယ် သင်တန်းသား(၃၆)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာ(၁၁)ရက် မှ(၂၁)ရက်နေ့အထိ စာတွေ့/လက်တွေ့ သင်တန်းပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်(ခရိုင်ပြန်/ဆက်)