စစ်ကိုင်း   ဇူလိုင်   ၁၆

 

စစ်ကိုင်းမြို့တွင် ဇူလိုင် ၁၅ ရက်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၂၃၁)ဦး စံချိန်တင်တွေ့ရှိ ခဲ့ကြောင်း ကိုဗစ်-၁၉ သံသယလူနာ စောင့်ကြည့်ရေးနှင့် သယ်ယူပို့ဆောင်ရေးအဖွဲ့ မှတ်တမ်းများအရ သိရသည်။

 

စစ်ကိုင်းမြို့ရှိ ယခင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် ထိစပ်သူများအား နှစ်(၇၀၀)ကွင်းတွင် လူဦးရေ ၂၀ အား စစ်ဆေးရာ (၆) ဦး တွေ့ရှိပြီး ခုတင်(၂၀၀)ဆံ့ဆေးရုံကြီးတွင် လူ(၃၀)အား စစ်ဆေးရာ(၁၆)ဦး၊ စစ်ကိုင်းတောင်ရိုး မြစင်္ကြာကျောင်းတိုက်တွင်  သံဃာ(၁၉၆)ပါး၊ လူပုဂ္ဂိုလ်(၇)ဦး ရောဂါပိုးတွေ့ရှိပြီး နန်းဦးမြို့သစ်ရပ်တွင် (၆)ဦး တွေ့ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ စုစုပေါင်း (၂၃၁)ဦး စံချိန်တင် တွေ့ရှိခဲ့ကြောင်း သိရသည်။

 

စစ်ကိုင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ တိုးပွားလာသည့်အတွက် မြို့အဝင်/ အထွက်နေရာ တွင် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးခြင်း၊ စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်ရောင်ချရေး၊ အချက်အခြာ ကျသည့်နေရာများတွင် ဌာနဆိုင်ရာများ၊ အခြားအဖွဲ့အစည်းများ ပူးပေါင်း၍ ကျန်းမာရေး အသိပညာပေးများ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

စစ်ကိုင်းခရိုင်(ပြန်/ဆက်)