စစ်ကိုင်း    စက်တင်ဘာ   ၁၄

 

စစ်ကိုင်းမြို့တွင် မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၄ ရက် နံနက်(၉)နာရီက စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။

 

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းက အမှာစကားပြောကြားရာ စစ်ကိုင်းမြို့နယ်အနေဖြင့် CRC ကော်မတီဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ကလေးသူငယ်များအကျိုးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီသည် ကလေးသူငယ်မျး၏ အဓိကကျသော အသက် ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များ ရရှိရေးအတွက် ဆောင်ရွက်ရန် တာဝန်ရှိသကဲ့သို့ တာဝန်သုံးရပ်ဖြစ်သည့် အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်ကြီး ကြပ်ခြင်းနှင့် အစီရင်ခံခြင်းတို့လည်း တာဝန်ရှိကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

 

ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ ကော်မတီဝင်အဖွဲ့များက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာနှင့်ပတ်သက်သည့် အကြောင်းအရာများကို အကြံပြုဆွေးနွေးကြရာ စစ်ကိုင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက ပြန်လည်ရှင်းလင်းအကြံပြု ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

 

စစ်ကိုင်းခရိုင်( ပြန်/ ဆက် )