စစ်ကိုင်း ၂၅ ဇန်နဝါရီ
စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက်၊ အိုးဘိုကျောင်းတိုက်တွင် သတင်းသုံးတော်မူသော ဆရာတော်အရှင်သီတလကို ကျောင်းထိုင်ဆရာတော်အဖြစ် တင်မြှောက်ခြင်းအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအနေဖြင့် အိုးရိုက်ပြိုင်ပွဲ အပ်ချည်ထိုးပြိုင်ပွဲနှင့် အိုးရွက်ပြိုင်ပွဲတို့ကို အဆိုပါ ကျောင်းတိုက်အတွင်း ဇန်နဝါရီ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းအချိန်တွင် အိုးရိုက်ပြိုင်ပွဲ အပ်ချည်ထိုးပြိုင်ပွဲများကို ကျင်းပခဲ့ပြီး နေ့လည်ပိုင်းအချိန်တွင် အိုးရွက်ပြိုင်ပွဲများကို ကျင်းပခဲ့သည်။
ဇန်နဝါရီ ၂၅ ရက်နေ့ ( ယနေ့ ) တွင် နံနက် ၁၁ နာရီ အချိန်၌ ချောတိုင်တက်ပွဲ၊ ဇန်နဝါရီ ၂၆ ရက်နေ့တွင် ကျောင်းထိုင်အဖြစ် တင်မြှောက်ခြင်း အခမ်းအနားနှင့် စတုဒိသာကျွေးမွေးခြင်း၊ ဇန်နဝါရီ ၂၇ ရက်နေ့ နှင့် ၂၈ ရက်နေ့များတွင် ခြင်းအလှခတ်ပွဲများ နှင့် ညပိုင်းများတွင် မန္တလေးဇာတ်သဘင် ပွဲတိုင်းကျော် ဇာတ်သဘင်ဖြင့် ဧည့်ခံဖျော်ဖြေသွားမှာ ဖြစ်ကြောင်း သိရသည်။

ကိုမင်း(အင်းတော်)