စစ်ကိုင်း ၁ ဖေဖော်ဝါရီ

 

Sagaing Cinem ရုပ်ရှင်ရုံသစ်ဖွင့်ပွဲကို စစ်ကိုင်းမြို့ ရွှေဘို မုံရွာသွားသည့် ကားလမ်းဘေး  အိုးဘိုရပ်ရှိ အသာင်္ခယာ အဝိုင်းပါတ်အနီးတွင်  ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီက ပထမဉီးဆုံး ပုဂ္ဂလိကရုပ်ရှင်ရုံသစ်ဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

ဖွင့်ပွဲတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဒါရိုက်တာညီညီထွန်းလွင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်း နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 

ပြသချိန်ပွဲစဉ်များကို ဖေဖော်ဝါရီ ၂ ရက်နေ့မှ စတင်ပြီး နံနက် ၁၀ နာရီ မွန်လွဲ ၁ နာရီ ညနေ ၄ နာရီ ည ၇ နာရီ နေ့စဉ်တစ်ရက်(၄) ချိန်ပြသသွားမည်ဖြစ်ပြီး အသံပိုင်းကို အိန္ဒိယမှ အင်ဂျင်နီယာများနှင့် ရုပ်ပိုင်းဆိုင်ရာများကို မလေးရှားမှကျွမ်းကျင်သည့်အင်ဂျင်နီယာများမှ လာရောက် တပ်ဆင်ပေး‌ ကြောင်း ရုပ်ပိုင်းအသံပိုင်းဆိုင်ရာများ အလွန်ကြည်လင်ပြတ်သားမှုရှိ ကြောင်းသိရသည်။

 

ပွဲစဉ်တစ်ပွဲတွင် လူဦးရေ (၂၉၇)ဦးဝင် ရောက်ကြည့်ရှုနိုင်ကာခုံပေါင်း (၂၈၉) ခုံဖြင့် ဝင်ကြေးကို ငွေကျပ် ၁၅၀၀၊ ၂၀၀၀၊ ၂၅၀၀၊ ၃၅၀၀ နှင့် အထူးတန်း နှစ်ခုံတွဲကို ၈၀၀၀ ကျပ် ဖြင့်ပြသသွားမည်ဖြစ်ကြောင်း မန်နေဂျာ ကိုလီဖမ်းမှ ပြောကြားခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားနေ့ နေ ၁၂ နာရီတွင် ဒါရိုတ်တာ အောင်ချမ်းလူ ရိုတ်ကူးတင်ဆက်ထားသည့် ၃(က) ဇတ်ကားဖြင့် သရုပ်ဆောင် မင်းသား ချမ်းမင်းရဲထွဋ် နှင့် မင်းသမီး နန်းဆုဦး တို့ပါဝင် သရုပ်ဆောင်ထားသည့် ဇာတ်လမ်းကို စတင်ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး ည ၇ နာရီ အချိန်တွင် ဒါရိုတ်တာ ကိုဇော် (အရုဏ်ဦး) ရိုတ်ကူးတင်ဆက်ထားသည့် ဣတ္ထိယ ဇာတ်ကားကို သရုပ်ဆောင် မင်းသား အလင်းရောင်၊ မင်သမီး ဖွေးဖွေး၊ ခိုင်သင်းကြည်၊ စိုးမြတ်သူဇာ၊ ကိုပေါက်၊ ခင်လှိုင် ငှက်ပျောကျော် တို့ပါဝင်သရုပ်ဆောင်ထားသည့် ဇာတ်ကားကို အခမဲ့ ရုံတင်ဖွင့်လှစ် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ခိုင်ဇေယျ