စစ်ကိုင်းမြို့တွင် သံဃာတော်များနှင့်သီလရှင်များ၊ အသက်(၆၅)နှစ် အထက် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်

mdn

 
စစ်ကိုင်း ဩဂုတ် ၂


 
စစ်ကိုင်းမြို့တွင် သံဃာတော်များ၊ သီလရှင်များနင့် အသက်(၆၅)နှစ် အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။

 

" ကျွန်တော်တို့ အခုလာမဲ့ ဩဂုတ်(၃)ရက်၊ (၄)ရက်နေ့တွေမှာ စစ်ကိုင်းမြို့မှာရှိတဲ့ သံဃာတော် တွေ သီလရှင်တွေနဲ့အသက်(၆၅)နှစ်အထက် ပြည်သူတွေကို ကာကွယ်ဆေးများထိုးနှံ ပေးသွားမှာ ဖြစ်ပါတယ် အားလုံးလူဦးရေ(၄၀၀၀)ဆေးထိုးသွားမှာပါ။ အသက်(၆၅)နှစ် အထက်ပြည်သူ ဦးရေ(၂၈၀၀) နဲ့ သံဃာတော်/ သီလရှင်အပါး(၁၂၀၀)ပါးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမှာပါ။ ဆေးထိုးတဲ့ အခါမှာလည်း သီတဂူဆေးရုံရယ်၊ စည်းခုံကြီးဘုရားရှိ ဓမ္မာရုံရယ်၊ မြို့တော်ခန်းမရယ် နေရာ သုံးနေရာမှာ တစ်ပြိုင်တည်း ဆောင်ရွက်သွားမှာပါ သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းပြီး ထိုးနှံပေးသွားမှာပါကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနိုင်ရန်အတွက် ယနေ့မှာဆို သက်ဆိုင်ရာ ဌာန ဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါတယ် " ဟု စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး မှ တာဝန်ရှိသူ တစ်ဦးကပြောပြ၍ သိရသည်။


စစ်ကိုင်းမြို့အနေဖြင့် ယခုလို ကာကွယ်ဆေးများ ထိုးနှံပေးသလို ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်လည်း မြို့အဝင်/ မြို့အထွက် နေရာများတွင် ကျန်းမာရေး စစ်ဆေးခြင်း၊ မြို့၏ အချက်အခြာကျသည့်နေရာတွင် စစ်ဆေးရေး ဂိတ်များထားရှိကာ ကျန်းမာရေး အသိပညာများ နေ့စဉ် ဆောင်ရွက်ပေးနေလျှက်ရှိကြောင်း သိရသည်။


 
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်( ပြန်/ဆက် )