စစ်ကိုင်း ၁၁ ဇန်နဝါရီ 

စစ်ကိုင်းမြို့မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည်  ဇန်နဝါရီ ၁၁ ရက် နံနက်(၈)နာရီက  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးပြောခြင်းနှင့် လက်ကမ်းစာစောင်များ (အခမဲ့) ပေး‌ဝေခြင်းကို ဆောင်ရွက်ခဲ့ကြသည်။        

 

‌ေ


                
စစ်ကိုင်းမြို့မှ ရဲအုပ်ဝင်းလှိုင် ဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရန်အတွက် ယာဉ်စည်းကမ်းနှင့်လမ်းစည်းကမ်း အသိပညာပေး ဗီနိုင်းများပါသည့် ရွေ့လျားယာဉ်ငယ်ဖြင့် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးပုံများနှင့် ရှင်းပြဟောပြောခဲ့ကြသည်။ 2015ခုနှစ်၊ စက်တင်ဘာ ၇ ရက်၌ ပြဋ္ဌာန်းခဲ့သည့် မော်တော်ယာဉ် ဥပဒေများ ရေးသားထားသည့် လက်ကမ်းစာစောင်များကို ယာဉ်မောင်းနှင်သူများအား(အခမဲ့) ပေးဝေခဲ့ကြကြောင်း သိရသည်။

မျိုးဝင်း(ခရိုင်ပြန်/ဆက်)