စစ်ကိုင်း ၃၀ ဇန်နဝါရီ
စစ်ကိုင်းခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၏ စာသုံးသူများအတွက် အကာအကွယ်ပေးရေး (၁၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက်က ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
အခမ်းအနားတွင် ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်အောင်ကျော်က အမှာစကားပြောကြားရာတွင် ယခုလအတွင်း ခရိုင်အတွင်း မြို့နယ်များမှ စာသင်ကျောင်းများ၊ ဈေးနှင့် ရပ်ကွက်များတွင် စားသုံးသူရေးရာအဖွဲ့များကို အဖွဲ့ဝင်ဦးရေ ၃၂၈ ဦးဖြင့် ၃၉ ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုလအတွင်း တိုင်ကြားမှုနှင့် ပတ်သက်၍ အမှုပေါင်း (၅)မှုကို ဖြေရှင်းပေးခဲ့ရကြောင်း၊ စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီမှ အမိန့်ကြော်ငြာစာ ညွှန်ကြားချက်အမှတ် ၁/၂၀၁၉ တွင် ပါရှိသည့် ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာဖြင့် တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ဇန်နဝါရီ ၂၄ ရက်က လုပ်ငန်းရှင် (၃၀)ဦးအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း ပြောကြားသည်၊
ထို့နောက် ခရိုင်စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးရန်ရီဆက ကျန်ရှိနေသည့် လုပ်ငန်းရှင်များကိုလည်း ဒုတိယအကြိမ် ပြန်လည်ခေါ်ယူ ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
MDN