စစ်ကိုင်း မေ ၆
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အသစ်ခန့်အပ်သော နည်းပြ/သရုပ်ပြ ဆရာ ဆရာမများအား ကြိုဆိုပွဲ အခမ်းအနားကို မေ ၆ ရက် ညနေပိုင်းက အဆိုပါတက္ကသိုလ်တွင် ပြုလုပ်ရာ စစ်ကိုင်းပညာရေး တက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။ ကြိုဆိုပွဲသို့ စစ်ကိုင်းပညာရေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ(ဌာနမှူး)များ၊ အသစ်ခန့်အပ်သည့် နည်းပြ/သရုပ်ပြ ဆရာ ဆရာမ ၃၈ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)