စစ်ကိုင်း ၃၁  ဇန်နဝါရီ

 

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင်  ဇန်နဝါရီ ၃၁ ရက် နံနက် ၉ နာရီက သနပ်ခါးပွဲတော်ကို တက္ကသိုလ် ပင်မဆောင်ရှေ့တွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်မှ မြန်မာ့ရိုးရာ သနပ်ခါး လိမ်းခြယ်သခြင်းနှင့်ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာရှုထောင့်များနှင့် မြန်မာအမျိုးသမီးများ သနပ်ခါးကို ချစ်မြတ်နိုးစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော  ဆရာ ဆရာမများအား ကျောင်းသူ ကျောင်းသားများက မြန်မာ့ရိုးရာသနပ်ခါး ပါးကွက်ကြားလေးများဖြင့် ခြယ်သကာ တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။

 

mdn

 

အခမ်းအနားသို့ စစ်ကိုင်းပညာရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်နှင့် ပါမောက္ခဌာနမှူးများ၊ သင်တန်းရေးရာဌာနမှူ၊ မော်ကွန်းထိန်း၊ လက်ထောက်မော်ကွန်းထိန်းနှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများက စုံညီစွာဖြင့်တက်ရောက်အာပေးခဲ့ကြကြောင်း သိရသည်။

 

နီတိုး