စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့၌  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော်အား နိုင်ငံတကာဂုဏ်ထူးဆောင်ဘွဲ့ ဆက်ကပ်ခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်း ၄ ဇန်နာဝါရီ 

IBEC - ဆရာတော် (စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်) ဘဒ္ဒန္တသောဘိတအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ နိုင်ငံတကာ ဂုဏ်ထူးဆောင်ဘွဲ့ ဆက်ကပ်လှူဒါန်းပွဲ ဂုဏဝိသိဋ္ဌပူဇာ အခမ်းအနားကို စစ်ကိုင်းတောင်ရိုး စစ်ကိုင်းမြို့၊ သောတာပန်ရပ်၊ IBEC အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ၌ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) ညနေ ၄ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။ 

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခများ၊ မြို့မိ မြို့ဖများ၊ ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါဆုကို IBEC ဆရာတော်၏ ပြည်တွင်း ပြည်ပ ငြိမ်းချမ်းရေး၊ ပညာရေး၊ ဘာသာရေးနှင့် လူသားအကျိုးပြု လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုများအတွက် ဂုဏ်ပြုသောအားဖြင့် ဆက်ကပ်လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့နောက် ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဘွဲ့တံဆိပ်အား ဆရာတော်သို့ ဆက်ကပ်ပါသည်။

ထို့နောက် IBEC-ဆရာတော်မှ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အား ဂုဏ်ယူဝမ်းမြောက်ကြောင်း မြွတ်ကြားပါသည်။ ထို့နောက် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ဗုဒ္ဓသာသနံစိရံတိတ္တတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ပြီးဆုံးခဲ့ကြောင်း IBEC သတင်းနှင့်ပြန်ကြားရေးဌာနမှ သိရသည်။

အောင်စံမောင်

mdn