စစ်ကိုင်း ဇူလိုင် ၂၁

 

စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်ကြီး၏ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ၍ ဘုရားဂေါပကအဖွဲ့မှ ဘုရားပွဲတော်ကြီးအကြို (၃၉)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၅ ရက်မှ စတင်ကာ ၁၃ ရက်အထိ ၈ ည ၉ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်သွားမည်ဖြစ်သည်။

 

ဒုတိယဝါဆိုလဆန်း ၁၃ ရက်တွင် ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် သံဃာတော်အပါး ၁၀၀နှင့် သီလရှင်အပါး ၁၀၀ တို့အား သင်္ကန်း၊ ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇော်မြင့်(စစ်ကိုင်း)