စစ်ကိုင်း ၂၄ မေ
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းတောင်ရိုးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ စစ်ကိုင်းမြို့ Volunteer Team မှ Face Shield များကို မေ ၂၃ ရက် ညနေပိုင်းက သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
"ကျွန်မတို့ Volunteer Team အနေနဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ပါးစပ်နှာခေါင်းစည်းများနဲ့ Face Shield တွေကို ကိုယ်တိုင်ချုပ်လုပ်ပြီး လိုအပ်တဲ့အဖွဲ့အစည်းတွေကို လှူဒါန်းပေးနေပါတယ် အခုလည်း ကိုယ်တိုင်ချုပ်လုပ်တဲ့ Face Shield တွေကို စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ မဟာသုဗောဓာရုံကျောင်းတိုက်မှာ(၃၀ဝ)ခု၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ (၁၀ဝ)ခု၊ မဟာစင်္ကြာကျောင်းတိုက်မှာ (၁၅၀)ခု သွားရောက်လှူဒါန်းပါတယ် ဆက်လက်ပြီးတော့လည်း လိုအပ်တဲ့ ကျောင်းတိုက်တွေ/ အဖွဲ့အစည်းတွေက အလှူခံတာပဲဖြစ်ဖြစ်၊ တကယ်လိုက်အပ်တဲ့ ကျောင်းတိုက်/ အဖွဲ့အစည်းတွေကိုတော့ လှူဒါန်းပေးသွားအုံးမှာပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်ပါတယ် " ဟု အဆိုပါအဖွဲ့မှ မနွယ်ဇင်ယုက ပြောပြ၍သိရသည်။
ဇော်မြင့်နိုင်


