မုံရွာ  ၁၃   ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းကို  ကွန်ပျူတာ အထောက် အကူပြု လူတစ်ဦးချင်းမေးမြန်း စာရင်းကောက်ယူသည့်စနစ်ဖြင့် ကောက်ကွက်ပေါင်း (၄၉၉)ကွက် ကောက်ယူသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးယဉ်ထွေး၏ ပြောကြားချက် အရသိရသည်။

 

245

 

၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြားကာလရှိ မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်း အချက်အလက်များကို အချိန်နှင့်တပြေးညီ အနီးစပ်ဆုံးမှန်ကန်စွာ ခန့်မှန်းနိုင်ရန် ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက် ပြောင်းလဲမှုအား နှိုင်းယှဉ်လေ့လာ သုတေသန ပြုနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် အညွှန်းကိန်းများရရှိနိုင်ရေး အထောက်အပံ့ဖြစ်စေရန်၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် သန်းခေါင် စာရင်းအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရန် ကြားဖြတ် သန်းခေါင် စာရင်းအား ကောက်ယူရခြင်းဖြစ်ကြောင်း သိရသည်။

 

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို စာရင်းစစ်(၇၃)ဦး၊စာရင်းကောက် (၂၄၂)ဦးတို့မှ သန်းခေါင်စာရင်း ကောက်ကွက်တစ်ကွက်လျှင် အိမ်ထောင်စု(၃၅) စုနှုန်းဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးရှိ ခရိုင်(၁၀)ခုမှ ကောက်ကွက်ပေါင်း (၄၉၉)ကွက်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့မှ (၁၅) ရက်နေ့အထိ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)