မုံရွာ ၁၇  မေ

 

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဧပြီလအကုန်အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၉)ခုတွင် မီးဘေး (၁၂၁)ကြိမ် ဖြစ်ပွားခဲ့ရာ ငွေကျပ်(၅၈၇.၉၄)သန်း တန်ဘိုးရှိ လူနေအိမ် (၁၇၁)လုံး ပျက်စီး ဆုံးရှုံးမှုရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏မှတ်တမ်းများအရ သိရသည်။

 

 ““ မီးလောင်မှုအခြေအနေကို ကြည့်မယ်ဆိုရင် လူ့ပယောဂကြောင့် ဖြစ်ပွားတဲ့ အကြိမ်ရေက အများဆုံး ဖြစ်နေတယ်၊ အခုလိုပူပြင်းတဲ့အချိန်မှာ မီးကိုဂရုတစိုက်သုံးစွဲဖို့ လိုတယ်၊ မီးသတ်တပ်ဖွဲ့ဝင်တွေက ဘယ်လောက်ပဲ သတိပေးပေမယ့် သတိမမူကြရင် အခုလိုပဲ ဖြစ်နေကြအုံးမှာဖြစ်တယ်၊ ဒါကြောင့် တစ်ဦးချင်းစီက မီးကိုသတိပြု ကြဖို့ထပ်ပြီးသတိပေးချင်ပါတယ်”” ဟု စစ်ကိုင်းတိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြင့်က ပြောသည်။

 

မီးဘေး(၁၂၁)ကြိမ်တွင် မီးဖိုမီး(၂၇)ကြိမ်၊ ပေါ့ဆမီး (၂၉)ကြိမ်၊ အလိုအလျောက်မီး (၄)ကြိမ်၊ လျှပ်စစ်မီး (၂၂)ကြိမ်၊ ရှို့မီး(၂၃)ကြိမ်၊ တောမီး(၁၅)ကြိမ်၊ မိုးကြိုးမီး (၁)ကြိမ် ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)